Tuesday, April 26, 2011

အင်တီဗိုင်းရပ် မဝယ်လဲ အဆင်ပြေ

ဖရီး ပေးတဲ့ အင်တီဗိုင်းရပ်တွေက အားနဲချက်ရှိတယ် ထင်ရင်ေ၇ာင်းတဲ့ ကောင်းပေ့ဆိုတဲ့ အင်တီဗိုင်းရပ် သို့မဟုတ် အင်တာနက်စီကျုရတီ တွေကို အမြည်းသဘော လှည့်သုံး နေလို့ အဆင်ပြေပါတယ်။ တစ်ချို့က ရက် ၉၀ ပေးတယ်။ တစ်ချို့က ရက် ၃၀ အစမ်း သုံးခွင့်ကာလ ပေးပါတယ်။
အဲဒါတွေ လှည့်သုံးနေတော့ ပိုက်ဆံ မကုန်ဘူးပေါ့။ ဒါပေမဲ့ ကိုယ်ကတော့ ပရိုဂ၇မ် တင်တာ ချတာ လုပ်ရမှာပေါ့လေ။ တစ်ချို့ ပရိုဂ၇မ်က ဖြုတ်တဲ့ ပရိုဂ၇မ် အသေးလေးတွေသုံးရတယ် ဆိုတာတော့ မမေ့နဲ့ပေါ့ နော။
ရောင်းတဲ့ ပရိုဂ၇မ် ကို တစ်နည်းနည်းနဲ့ ရယူ သုံးမဲ့အစား အော်ဖစ်ရှယ် ဝက်ဆိုက်ကနေ ဒေါင်းပြီး သုံးတာက ကောင်းတယ် ဆိုတာတော့ သေချာပါတယ်။ ဒီနာမည်လေး တွေထဲက နေ Trial version ကို ကိုယ့်ဘာသာ တိုက်၇ိုက်ဒေါင်းပြီး သုံးတာ အကောင်းဆုံးပါပဲ။
ရက် ၉၀ ပေးတဲ့ ပရိုဂ၇မ်တွေက
McAfee VirusScan Plus
McAfee Internet Security
McAfee Total Protection
Norton Antivirus
Norton 360


ရက် ၃၀ ပေးသုံးတာတွေက
Kaspersky Antivirus
Kaspersky Internet Security
Bitdefender Antivirus
Bitdefender Total Security
Bitdefender Internet Security
ESET Smart Security
ESET Nod32 Antivirus

Trend Micro Internet Security Pro
Trend Micro Internet Security
Panda Security Antivirus
Panda Antivirus Pro
F-Secure Internet Security
F-Secure Antivirus


ကျန်တာတော့ အကောင်းအဆိုးကို ရဗျူးလေးတွေ ဖတ်ကြည့်ပြီး သုံးလို့ ၇ပါတယ်။ အထက် မှာ လင့်ပေးထားတာကတော့ ကျနော် နှစ်သက်တဲ့ လက်ရွေးစင် ပရိုဂ၇မ်တွေကိုပဲ လင့်ပေးထားတာပါ။ တစ်ခြားတံဆိပ် ကြိုက်ရင် ဂူဂယ်မှာ အဲဒီနာမည်နဲ့ ၇ှာလိုက်ရင် အိုကေမှာပါ။
အဆင်ပြေကြပါစေ။

Saturday, April 23, 2011

အဒိုဘီ အခရို ဘက် အစား ပီဒီအက် ဗျူဝါး လဲ မဆိုပါဘူး

အဒိုဘီအခရိုဘက် က သုံးမရတော့ ရင်လဲ တစ်ခြား ပရိုဂ၇မ်တွေ ပြောင်းသုံးလို့ အဆင်ပြေပါတယ်။
အခု ကျနော် သုံးဘူးသလောက် ဆိုရင် pdf xchange viwer pro က အခရိုဘက်နဲ့ အတော် ဆင်တူပြီးတော့ ဖိုင်ဆိုက်သေးငယ်တော့ အီးမေးနဲ့ ကိုပဲ ပို့ပေးလို့ ရပါတယ်။ ဘာပဲ ဖြစ်ဖြစ် လိုအပ်ချိန်မှာ နာမည် ကြားဘူး ထားရင် အင်တာနက်ပဲ ရှာလို့ ရပါတယ်။

Thursday, March 11, 2010

အိုင်ပီ လိပ်စာ အမှန်မပေါ်တာ ဘာအတွက်အသုံးကျလဲ

For some case we need to hide our IP address or should not show our real IP address.
Example, some school ban for adult sites and some cbox block the one who criticize their blog, for this case it is used IP address.
We can use the proxy and we can hide it easily, after hiding it may not show real IP and we can over come the difficulties.
We can try many sites and as an example here is the one site that can be used as proxy.

http://fluffmypillow.com/

Inside this page at the bottom we can ask for Google.

http://fluffmypillow.com/browse.php?u=Oi8vd3d3Lmdvb2dsZS5jb20%3D&b=13&f=norefer

after that we can browse safely and stealthily.

Friday, December 25, 2009

Korea Tour (NIIED)

ဒါက ဘူဆန် SeaCloud Hotel ကအထွက် နှင့် ဟယ်ယွန်းဒယ် (Hae-undae Beach)ကမ်းခြေပါ။

ဒါကတော့ ဖိုးဟန်ကမ်းခြေ (Pohan Beach)မှာပါ။

၂၁-၂၃ ရက်နေ့ထိ လေ့လာရေးခရီးစဉ်လေးပါ။ NIIED က ဒီနှစ်ကျောင်းသားတွေအားလုံးအတွက် Year End Party မလုပ်ပေးဖြစ်လို့ အဲဒီရက်မှာပဲ နိုင်ငံပတ်လေ့လာရေးလိုက်ပို့ပေးတာပါ။ ၂ ညအိပ် ၃ ရက်ခရီးဆိုတော့ တော်တော်လေးတော့နှံ့ခဲ့ပါတယ်။ ဒါပေမဲ့ ဒီနေရာတွေအားလုံးနီးပါး ရောက်ဘူးပြီးသားဖြစ်နေတော့ တအားတော့ စိတ်ဝင်စားဖို့မကောင်းဘူးပေါ့။ ကျောင်းသစ်က လူသစ်တွေနဲ့ သွားရတာဆိုတော့ မိတ်ဆွေသစ်တော့တိုးတာပေါ့လေ။ လိုက်ပို့တာတော့ နာမည်ကြီးနေရာတွေချည်းပါပဲ။ ဘူဆန်က ဟယ်ယွန်းဒယ် ကမ်းခြေ (Hae-undae beach), ဘူဂုဆာ (Bugoksa temple) ဘုလား။ ဆော့ဂုရမ် ဘုရား။ Gyungju Amusement Park, Pohan Steel Making Company, Pohan Beach, အစုံပါပဲ။ ပျော်စရာအနေနဲ့ ဂွမ်ဂျူး အပန်းဖြေစခန်းမှာ တိုက်ကားစီးခဲ့ပြီး ဖိုးဟန်ကမ်းခြေမှာ စွန်လွှတ်ခဲ့ကြတယ်လေ။ အတိုင်းအတာတစ်ခုထိတော့ပျော်ဖို့ကောင်းပါတယ်။ ဓါတ်ပုံတစ်ချို့တင်ပေးခဲ့မယ်နော်။ ဗွီဒီယိုမှတ်တမ်းတွေကိုတော့ အွန်စောစီမှာပဲသွားကြည့်တော့နော်။

Saturday, December 5, 2009

KEYLOGGER

KEYLOGGER
ဆိုင်ဘာကဖီး(သို့) အင်တာနက်ဆိုင်များမှာ keylogger ဟုခေါ်သည့်ဆော့ဖ်ဝဲများထည့်သွင်းထားပြီး သုံးစွဲနေသူတွေအားခြေရာခံ နိုင်အောင် လုပ်ဆောင်နေတတ်ပါသည်။

keylogger ဆိုတာ window စတက် စဉ်ကတည်းက အလုပ်လုပ်နေပါသည်။ ပိတ်လိုက်လည်း နောက်ကွယ်မှာ လုပ်နေဆဲဖြစ်ပါသည်။ tray icon လည်းပေါ်နေခြင်းမရှိ၍အလွယ်တကူ မသိနိုင်ပါ။ keyboard၊ mouse နဲ့နှိပ်လိုက်သမျှများ အားလုံးအား အချိန်နဲ့တကွ မှတ်ထားပေးနေပါသည် ။ မိမိတို့၏ ကိုယ်ရေးကိုယ်တာ နှင့်သက်ဆိုင်သမျှ အားလုံးအား မှတ်တမ်းတင်ထားပြီးဖြစ်နေ၍ လုံခြုံမှု မရှိနိုင်တော့ပါ။ (All in 1 key-logger သာဆိုပါလျှင် ဓါတ်ပုံများ၊ အသံများနှင့် ဗီဒီယိုများအစရှိသဖြင့်အစစအရာရာအား မှတ်သားထားပေးနိုင်တဲ့ဆော့ဖ်ဝဲဖြစ်ပါသည်။)

သုံးစွဲသည့်သူ၏ လုပ်ဆောင်ချက်များအားအတိအကျ ထောက်လှမ်းထား နိုင်၍ မိမိတို့အနေဖြင့်ဆိုင်ဘာကဖီး သို့မဟုတ် တစ်ပါးသူ၏ကွန်ပျူတာအားသုံးစွဲတော့မည်ဆိုပါက မိမိသုံးမည့် ကွန်ပျူတာတွင် key logger ရှိမရှိ အရင်ဆုံးစစ်ကြည့်ဖို့အတွက် အလေ့အကျင့်လုပ်ထားပါက လုံခြုံမှု ရှိသွားမှာ ဖြစ်ပါသည်။

ကိုယ်ရေးကိုယ်တာ အချက်အလက်များ သူတစ်ပါးဆီ ပါမသွားနိုင်အောင်လုပ်ရမည့် နည်းလမ်းမှာ အောက်ပါအတိုင်းဖြစ်ပါသည်။

(၁) Ctrl+Shift+Esc(or)Ctrl+Alt+Del နဲ့ Task manager ကို ခေါ်လိုက်ပါ ..။
Task manager ၀င်းဒိုးတက်လာပါက
(၂) Process ဆိုတဲ့ tab ကို နှိပ်ပြီး msdts.exe ဆိုတာကို လိုက်ရှာကြည့် ပါ ။ ရှိနေခဲ့လျှင်ထိုကွန်ပျူတာတွင် keylogger အသုံးပြုထားပြီဖြစ်ပါသည်။
(၃)ထိုသို့တွေ့ရှိပြီဆိုလျှင်ငှင်းဖိုင်လ်အား End process ပေးလိုက်ရန်လိုအပ်ပါသည် ။
ထိုသို့ end process လုပ်လိုက်ခြင်းအားဖြင့် မိမိ အသုံပြုမှုကို မှတ်သားထားပေးနိုင်တော့မည် မဟုတ်ပါ။

သို့မဟုတ် နောက်တစ်နည်းကတော့

Task Manager ကို အထက်ပါအတိုင်း ကီးသုံးခုနှိပ်တာအပြင် window logo+R နှိတ်ပြီးတတ်လာတဲ့ Run box မှာ taskmgr လို့ရေးပြီး ခေါ်ယူလဲရပ်ါသည်။အကောင်းဆုံးနည်းလမ်းမှာtask manager မှာရှိနေသော process tab ထဲမှာရှိနေတဲ့ကောင်တွေထဲကကိုယ်သုံးမယ့် gtalk လောက်ပဲအိုကေထားပြီး ကျန်တာတွေကို disable သို့မဟုတ် end process ပေးလိုက်ခြင်းသာဖြစ်ပါသည်။ process tab ထဲတွင်ရှိသမျှဖိုင်လ်များအားလုံးအား end process လုပ်ပြီးမိမိအသုံးပြုမည့်ဖိုင်လ်ကိုပဲ manually ခေါ်သုံးတာ အကောင်းဆုံး ဖြစ်ပါသည်။

အကယ်၍ task manager ကိုခေါ်လို့မရခဲ့ပဲ admin အခွင့်အရေးရှိမှရမည် ဆိုလျှင်တော့ ထိုသို့သော အင်တာနက်ကဖီးမျိုးကို ရှောင်ဖို့သင့်ပါသည်။ အချို့ keylogger များမှာ taskmanager ခေါ်ပြီး end process လျှင်တောင်မရနိုင်ပါ။

ဒါကြောင့် အင်တာနက်ကို ဆိုင်မှာ သုံးရင် လုံခြုံမှုကို ဂရုပြုကြဘို့ သတိပေးချင်ပါတယ်။ နောက်ဆက်တွဲ ဆက်ဖြစ်လာနိုင်တာတွေက ကိုယ့် အီးမေးက မလုံခြုံတော့ အလိမ်ခံရတာ အညာခံရတာတွေ ဖြစ်လာ နိုင်ပါတယ်။

နောက်ဆုံးအကြံပြုလိုတာကတော့ အင်တာနက် နဲ့ တယ်လီဖုန်းတွေ ဆိုတာ လုံခြုံမှု အပြည့်အဝမရှိပါဘူး ဆိုတာ ထပ်ပြီးပြောချင်ပါတယ်။

ဘုန်းပြည့်စုံလဲ သူများရေးထားတာ တွေ့တာကို ပြန်ဖြန့်ဝေပေးတာပါ။ အီးမေးမှာ ဘလော့ လုပ်တာ။ ချက်တင်မှာ ပုန်းနေတာ အီးမေးကို အကြောင်းမပြန်တာ(ဥပမာ အကြွေးတောင်းစာပေါ့ဗျာ)၊ နောက်ပြီး အီးမေးကို ဘယ်ကနေပို့တယ်ဆိုတာကို သူ့ရဲ့ (header) ကို သုံးပြီး ကြည့်တာ ဆိုတာတွေကလဲ အီးမေးမှာ ဖော်ထုတ်လို့ရပါတယ်။ အဲဒီလိုပါပဲ တယ်လီဖုန်းတွေကလဲ နောက်ကြောင်း ပြန်လိုက်လို့ရပါတယ်။

ပြောမဲ့သာ ရှောက်ပြောနေရတာ ဘုန်းပြည့်စုံအမေကတော့ စကားပြောပြီး အဆောတလျင် ပြန်သွားလိုက်လို့ ဂျီတော့ကြီးဖွင့်ပြီးထားခဲ့တယ်။(ဆရာမိုးရေ ကြုံရင် ပြောပြလိုက်ပါဦး)။

Tuesday, October 13, 2009

Why does Love hurt so much?


Love hurts so much because we allow it to hurt. It's human nature. Getting hurt is a part of life. Its how you handle the hurt or how you allow it to affect you. When two people are in a relationship there are good times and bad times being in a relationship is a great feeling.

Knowing that you have a person that loves you is such a wonderful thing. But sometimes people put to much faith in other people and then when that person doesn't live up to the other persons expectations then there are a huge amount of disappointment and hurt. Why do we allow other people to control our emotions?

A broken heart really is one of the worst feelings in the world. When you find out somebody that you love, somebody that you gave such a huge part of yourself to betrayed you, is indescribable. You feel this pain in the middle of your chest and it literally just aches. It hurts oh so bad! And then the tears and crying set in. opinion you do need to allow yourself to grieve. You need to accept everything that has happened and then you just need to look inside yourself to find the courage and strength needed to move on. This is so much easier said than done. It is a part of life. One thing we have to learn is when one door closes three more usually open.

Everything happens for a reason . You must be strong and simply commit to yourself.


A few of the following quotes bring out the heartaches caused by love in the most striking manner.


If you have it [love], you don't need to have anything else, and if you don't have it, it doesn't matter much what else you have.

All things we go threw; the happiness, sadness, pain and heartbreak make us who we are!

"I don't miss him; I miss who I thought he was."

"Ever has it been that love knows not its own depth until the hour of separation."

"It is better to have loved and lost than never to have lost at all.

"What man's mind can create, man's character can control."

One does not love a place the less for having suffered in it unless it has all been suffering, nothing but suffering.

If love is so important to have that one doesn't want to lose it, why is it when we find true love we often don't notice it?
When one is in love, one always begins by deceiving oneself, and one always ends by deceiving others. That is what the world calls a romance.

It takes only a minute to get a crush on someone, an hour to like someone, and a day to love someone, but it takes a lifetime to forget someone.

Love is like the truth, sometimes it prevails, sometimes it hurts.

Where there is love, there is pain.

There is only one kind of love, but there are a thousand imitations.

မေးထဲမှ ကူးယူဖေါ်ပြပါသည်။

Monday, October 12, 2009

HTML သင်ခန်းစာ (၁)

HTML ကို စိတ်ဝင်စားကြသူများအတွက် ဒီနေရာမှ သွားရောက်ကြည့်ရှုနိုင်ပါသည်။

Sunday, August 30, 2009

ကွန်ပျုတာ လုံခြုံရေး။

ကျနော်က ကွန်ပျုတာကို ပြည်ပရောက်မှ ရထားတဲ့ ပညာသင် ထောက်ပံ့ကြေး (stipend) ထဲက ချွေတာပြီး ဝယ်ရတာ။ အဲဒီတော့ နောက်ဆက်တွဲက ကွန်ပျုတာ မသုံးတတ်ဘူးပေါ့။
မြန်မာပြည်မှာတုန်းက ရုံးချုပ်မှာလုပ်ခဲ့တာ ဆိုတော့ လက်နှိပ်စက်လိုတော့ သုံးဖူးခဲ့ပါတယ်။ အင်တာနက်ကတော့ မိတ်ဆက်သဘောလောက်ပေါ့။
သင်တန်းဆိုတာကလဲ ရတဲ့ လစာ ချင့်ချိန်သုံးနေရတော့ စိတ်မဝင်စားရဲဘူးလေ။
နိုင်ငံခြားရောက်ပြီး ၃ လ နေမှ ဒီက ကျောင်းသားတွေလို ကွန်ပျုတာ(notebook) ကို အပိုင်ဝယ်ကိုင်နိုင်တာပါ။
အဲဒီတော့ မဝယ်ခင်မှာ ဒီနိုင်ငံမှာပဲ ကွန်ပျုတာ ပညာ သင်ယူနေတဲ့ ညီငယ်အရွယ် (မြန်မာ)ကျောင်းသားတစ်ယောက်က ကူညီပါတယ်။ ပါမောက္ခကလဲ ကွန်ပျုတာ စံချိန်စံညွှန်းနဲ့ ဈေးနှုန်းတွေကို ရေးထားတဲ့ ကြေညာ လက်ကမ်းစာစောင်တွေ မှာပေးပါတယ်။
အဲဒီလိုနဲ့ ကွန်ပျုတာ တစ်လုံးဝယ်ဖြစ်ပါတယ်။ ဝင်းဒိုး ဗစ်စတာ(ဟုမ်းပရီမီယံ) ပါ ။ လိုင်စင်ပါတယ်။
နောက်ကျတော့ ကျနော့ ကွန်ပျုတာက ဝင်းဒိုးက တော့ လိုင်စင်ရှိတယ်၊ ကျန်တဲ့ ပရိုဂ၇မ်တွေက အစမ်းသုံး တွေဆိုတာ ၁၀ ရက်လောက်ကြာမှ သိတာဗျ။
အဲဒီကျ ဘာလုပ်သလဲ ဆိုတော့ အင်တာနက်ဆိုတဲ့ ဟာကြီးထဲ သွားရှာပြီး လိုသလို ကြည့်လုပ်ရတော့တာပေါ့။
အဲလို ရှောက်လုပ်ရင်းကနေ မှ တဖြေးဖြေး သိလာတယ်။ ကွန်ပျုတာ လုံခြုံရေး အရေးကြီးမှန်းကို။ အစက သော့ ခတ် သိမ်းရင် ရတာပဲ လို့ ထင်ထားတာ။
ကဲ တိုတိုပဲ သိသမျှ လေး ပြောပါရစေ။
လုံခြုံရေးအတွက်က အရေးကြီးတဲ့ အချက် (၄) ချက်ရှိပါတယ်။
(၁) ဝင်းဒိုး ထပ်ဖြည့် ပရိုဂရမ် အငယ်လေးတွေ (window patch)
ဝင်းဒိုး ပက်ခ်ျ လို့လဲ ခေါ်ကြပါတယ်၊ သူ့ကို တင်ပေးဘို့က ပထမဆုံးပါ၊ အဲဒါလုပ်နိုင်ဘို့က ဝင်းဒိုးကိုယ်တိုင်က လိုင်စင် ရှိဘို့လိုပါတယ်။
(၂) ဖိုင်းယားဝေါ ဆိုတဲ့ အကာအရံ (firewall)
ဝင်းဒိုး အိပ်စပီက ဖိုင်းယားဝေါက သိပ်မလုံခြုံသေးဘူးလို့ ကြားဘူးပါတ်။ နောက်ထပ် သပ်သပ် ရောင်းတာတွေ ရှိပါတယ်၊ အလကား ပေးတာကတော့ online armor, comodo စသဖြင့်ရှိပါတယ်။ ဥပမာ comodo ဆိုပါတော့ အဲဒါကတော့ internet security suite နဲ့ တွဲပါ တာပါ၊ ဖိုင်းယားဝေါ တစ်ခုတည်း ရွေးတင်လို့လဲ ရပါတယ်။
သူက ပရိုဂ၇မ် တစ်ခုက အင်တာနက် ကို သို့ မဟုတ် တစ်ခြား ကို ဆက်သွယ်မယ် ဘာညာ ထလှုပ်ရှားရင် တားမြစ်ထားနိုင်ပါတယ်။ ကိုယ် ကတော့ အဆုံးအဖြတ် ပေးရပါမယ်။ ကျနော်က တော့ အခု comodo သုံးပါတယ်။

(၃) အင်တီ စပိုင်ဝဲ
အင်တာနက် မှာ အလကားရတယ်ဆိုတိုင်း လိုက်လုပ်ရင်တော့ စပိုင်ဝဲ နဲ့ တွေ့မှာ သေချာပါပဲ။
သူက နာမည်နဲ့လိုက်အောင် ပါပဲ။ နောက်ဆုံးရလဒ်ကတော့ ကွန်ပျုတာ တုန့်ပြန်မှု နှေးလာမယ်။ မလိုတဲ့ ဝက်ဆိုက်ကို ဖွင့်မယ်၊ ဟုမ်းပေ့ခ်ျ တွေ ပြောင်းကုန်မယ် ဘာညာတွေပေါ့၊
ကျနော်ကတော့ spybot SD ကို သုံးပါတယ်၊ ဒေတာဘေ့စ်ကြီးပြီး၊ အလကားလဲ ပေးလို့ပါ၊ အလှုခံ တာတော့ ရှိပါတယ် မထည့်လဲ ရပါတယ်။
(၄) အင်တီဗိုင်းရပ် (antivirus)
သူက တော့ ရောင်းတာကော အလကားပေးတာကော၊ ခိုးယူတာ သို့ မဟုတ် လုယူတာ မျိုးစုံးနည်းနဲ့ ရနိုင်ပါတယ်။
အခြေခံကတော့ holistic approach နည်းနဲ့ စစ်တာနဲ့ ဒေတာဘေ့စ် အခြေခံပြီး black list နဲ့ ယှဉ်ပြီး စစ်တာပါပဲ။ ဒါကြောင့် အမြဲ အပ်ပဒိတ် (update)လုပ်ဘို့ လိုပါတယ်။
အင်တီဗိုင်းရပ်ကတော့ မျိုးစုံပါပဲ။ အင်တာနက် အတွက် ရည်ရွယ်တဲ့ အမျိုးအစားကတော့ စပိုင်ဝဲ နဲ့ ဖိုင်းယားဝေါ တွဲရက်ပါဝင်ပါတယ်။
နည်းမျိုစုံနဲ့ တွဲဖက်ပြီးရောင်းကျပါတယ်။ အကောင်းဆုံး ၁၀၀% လုံခြုံ တယ် ဆိုတာတော့ မရှိသေးပါဘူး။ ဘာလို့လဲ ဆိုတော့ ဗိုင်းရပ် ပေါ်ပြီး သတင်းတွေပို့ကြမှ ဒေတာဘေ့စ်က သိပြီး ကာကွယ်မှု လုပ်နိုင်လို့ပါ။
အသုံပြုပုံ လိုက်ပြီး အဓိက ၂ မျိုးခွဲပါတယ်။ လွယ်လွယ်ကျနော်နားလည်သလိုပြောရရင် အလိုအလျောက် ကာကွယ်ပေးတဲ့ အမျိုးအစားနဲ့ သုံးစွဲသူက စစ်ခိုင်းမှ စစ်ပေးတဲ့ အမျိုးအစားပါ၊
သုံးစွဲသူက စစ်ခိုင်းမှ စစ်ပေးတဲ့ အမျိုးအစားအုပ်စုထဲ မှာ ကတော့ calmwin က ဒေတာဘေ့စ် အကြီးဆုံးနဲ့ အလကားသုံးနိုင်တဲ့ ပရိုဂရမ်ပါ။
အင်တီဗိုင်းရပ် ၂ မျိုးတွဲမသုံးရဘူးဆိုတာ ရာခိုင်နှုန်းပြည့် မမှန်ပါဘူး။
calmwin ဟာ ဘယ် အင်တီဗိုင်းရပ်နဲ့မဆို တွဲသုံးနိုင်ပါတယ်။
နောက်ဆုံး အတိုချုပ်ပြောရရင်။
ဝင်းဒိုးကို လိုင်စင်နဲ့သုံးပါ၊ ဖိုင်းယားဝေါ ကို နားလည်အောင် လုပ်ပါ၊ စပိုင်ဝဲ ရန်က နေ ကာကွယ်ပြီး အင်တီဗိုင်းရပ် တစ်မျိုမျိုး သုံးဖြစ်အောင်သုံးပါ။
အဲဒီ ၄ ချက်ထဲ က တစ်ချက်လွတ်ရင် လုံခြုံမှု မရှိနိုင်ပါဘူး။
နောက်တစ်ခု ဗဟုသုတ ကတော့ ကားစပါ့စ်ကီး၊ ထရင်းမိုက်ခရို နဲ့ မက်ကဖေး တို့ဟာ သုံးစွဲသူရဲ့ ထိန်းချုပ်မှုထက်ကျော်လွန်ပြီး လုပ်လို့ ပြန်ပေးသမား(hijacker) လို့ တစ်ချို့က သတ်မှတ်ပါတယ်။
နောက်တစ်ခု သတိပြုစရာလေးကတော့ မြန်မာ ယူနီကုတ်ဖောင့်တွေဟာလဲ ဟိုက်ဂျက်ကာ အနေနဲ့ တစ်ချို့ ပရိုဂရမ်မှာ ပြပါတယ်။ မြန်မာ ယူနီကုတ် အစုံ ရှောက်တင်ရင်လဲ ပြဿနာ ဖြစ်နိုင်တဲ့ အတွက် တစ်မျိုးပဲ တင်သင့်ပါတယ်။ မြန်မာဖောင့်က အမျိုးစုံ ရှိနေပြီး တစ်ချို့ သကောင့်သားများက ပြန်ချမရပါဘူး။ အဲဒီတော့ မြန်မာ ဖောင့်ကိုလဲ သင့်သလိုသာ ကြည့်သုံးကြပေါ့ဗျာ၊ မြန်မာ ဖောင့်ကြောင့် ကျွန်တော် ကွန်ပျုတာတော့ ဖော်မက် လုပ်ရတာ တစ်ခါမက ပါဘူး။
နောက်ဆုံးတစ်ခုကတော့ အရေးကြီးတဲ့ ဒေတာကို အနဲဆုံး ပုံစံ ၂ မျိုးနဲ့ နေရာ ၂ နေရာ သီးခြားခွဲ ပြီး သိမ်းဆည်းပါ။
ဒါဆို ကွန်ပျုတာ ပြသနာကြောင့် စိတ်ညစ်ရတာ မဖြစ်နိုင်ပါဘူး။

ဘန်ကောက်လေဆိပ်မှာ။

အစ္စရေးကို အလုပ်ခွင်သင်တန်းဆိုတာ ကို သွားခွင့်ရဘို့ အင်တာဗျုးတာ သင်တန်းတက်ရတာ ဘာညာတွေ ကို ကျော်ပြီး ခရီးသွားရတဲ့ အတွေ့အကြုံလေးပဲ ရေးချင်ပါတယ်။
လေယာဉ်လက်မှတ်က ပုဂ္ဂလိက အကျိုးဆောင်နဲ့ ဝယ်ပေးထားတော့ အစ္စရေးနိုင်ငံ တဲလဲအဗစ်မြို့က ဘန်ဂူးရီးရမ်း လေဆိပ် က ကျွန်တော်တို့ရဲ့ ခရီးဆုံးပါ။
မြန်မာနိုင်ငံ မင်္ဂလာဒုံလေဆိပ်က နေ မြန်မာ အဲယားဝေးအင်တာနေရှင်နယ် လေကြောင်းနဲ့ ထိုင်းနိုင်ငံ ဘန်ကောက်က ဒုံမောင်းလေဆိပ်မှာ ဆင်းသက်ပြီး အဲဒီကမှ တစ်ဆင့် အယ်လအစ္စရေး လေကြောင်း ပြောင်းစီးရမှာပါ။
မြန်မာ လေကြောင်းလိုင်းဘက်က ပြသနာလေးက အလေးချိန် ၂၅ ကီလိုပဲ သယ်ခွင့်ရပါတယ်၊ ပြည်ပလေကြောင်းလိုင်းတွေကတော့ ၃၀ ကီလိုသယ်ခွင့်ရပါတယ်။
ဘုန်းပြည့်စုံတို့ အုပ်စုက အထုပ်အပိုးတွေကို (check in through) လေကြောင်းကို တန်းအပ်ထားတာပါ။ ဒါပေမဲ့ အစ္စရေး လေကြောင်းက သူတို့ လေယာဉ်ပေါ် တင်ခါနီးမှာ ထပ်စစ်ပါတယ်။
အဲဒီမှာ မေးခွန်းလေးတွေ မေးကြဖြေကြ ရပါတယ်။ အင်္ဂလိပ်စာ အဆင့်အတန်းက စ စကားပြောပါတယ်။ ဥပမာ သူတို့ လုံခြုံရေးဝန်ထမ်းက မင်းအလုပ်က ဘာလဲ လို့ မေးပါတယ်၊ လက်ထောက်ကြီးကြပ်ရေးမှုး (assistant supervisor) လို့ ပြောတော့၊ ထပ်ပြီး ဘယ်ကိစ္စမှာ ကြီးကြပ်တာလဲ (which field)ဆိုတော့ ခက်ကုန်ပါရော။
စိုက်ပျိုးရေးလုပ်ငန်း ဆိုရင် လဲ အဆင်ပြေမှာပါ။
နောက်တစ်ခု က အုပ်စု လိုက်သွားတာဆိုပေမဲ့ ကျနော် ဘုန်းပြည့်စုံက ရန်ကုန် ကိုတောင် နေရာအနှံ ရောက်ဘူးတာ မဟုတ်။ ဘန်ကောက်လေဆိပ်မှာ စကပ်တို ဝန်ထမ်းမလေးတွေကို ငေးမောနေတော့ အုပ်စုကွဲကျန်ရစ်ပါတယ်။ ကိုယ့်ဘာသာ အုပ်စုကွဲကျန်ရစ်မှန်းမသိပါဘူး ဘယ်ရောက်ကုန်ကျသလဲပေါ့။ နောက်ပြီးထပ်စီးရမဲ့ လေယာဉ်အချိန်က လိုသေးတယ်လေ။ ဒါနဲ့ လေဆိပ်ထဲ ဟိုကြည့်ဒီကြည့်လုပ်နေတော့ လေကြောင်းလိုင်းတစ်ခု က ဥရောပသူ အမျိုးသမီးကြီးတစ်ယောက်က ကျနော့ကို သူ့ဆီလာဘို့ ဇွတ်လှမ်းခေါ်နေပါတယ်။ သူက ကူညီချင်တာပါ၊ ကျနော့ လေယာဉ်လက်မှတ်တောင်းကြည့်ပါတယ်။ ပြီးတော့ ကွန်ပျုတာမှာ စစ်ကြည့်ပြီး မင်းသွားမဲ့ခရီးက ဘယ်မြို့၊ ဘယ်ကနေလာတယ်၊ အဲဒီတော့ ဘယ်အခန်းမှာ သွားပြီးနားနေနိုင်ပါတယ်။ ပြီးတော့ ဘယ်အပေါက် (tunnel) ကနေ ဘယ်အချိန်မှာ စီးရမယ် ဆိုတာ ပြောပြလိုက်ပါတယ်။ ပြီးလွဲနေမှာစိုးလို့ ကျနော့ လက်ပတ်နာရီကိုလဲ ဒေသစံတော်ချိန်နဲ့ ကိုက်မကိုက် စစ်ပေးပါသေးတယ်။ (ကျေးဇူးတင်ပါတယ် အန်တီ။ ကျန်းမာပါစေလို့ ဆုတောင်းပေးပါတယ်)
သူ့ရဲ့ လမ်းညွှန်ချက်အတိုင်း ရွှေ့လျားလှေကား (escalator) နဲ့ တက်သွားလိုက်တော့မှ ကျန်သူငယ်ချင်းအချို့ကို တွေ့ပါတယ်။ မိန်းကလေး သူငယ်ချင်းများကတော့ မတွေ့မိသေးပါဘူး။ တကယ်ကျ သူတို့က အနီးမှာ ရှိတဲ့ ရေအိမ် မှာ အဝတ်အစား လဲနေကြတာပါ။ (မိန်ကလေးတွေက observation ကောင်းတာလား information ကောင်းတာလားတော့မသိဘူး အဲဒီမှာ အဝတ်လဲ နိုင်တယ် ဆိုတာကြိုသိထားပုံရတယ်)
အချိန်ကလဲ ၆ နာရီလောက် ရတော့ ဘာရမလဲ လေဆိပ်ထဲ လျောက်ကြည့်တာပေါ့။ အဲဒီကျမှ လမ်းလျောက်ရ သက်သာအောင် လုပ်ပေးထားတဲ့ (side walk) ပြင်ညီအတိုင်းရွှေ့တဲ့ စက်ခါးပတ် စီးကြည့်ဘူးတာ။
အဲသလိုလျောက်သွားနေတုန်း ကျနော်တို့ စီးခဲ့တဲ့ မြန်မာလေယာဉ်ကို စီးမဲ့ ခရီးသည်တစ်ယောက် (မိန်းမငယ်လေးပါ) မျက်နှာငယ်လေးနဲ့ လမ်းပျောက်နေလို့ ကူညီပြီးလမ်းပြပေးလိုက်ပါသေးတယ်။ သူ့နာမည်က စပီကာနဲ့ ခေါ်နေပါပြီ ဘယ်လမ်းကိုသွားရမယ်၊ ဘယ် အပေါက်က ထွက်ပြီးလေယာဉ်ဆီချီတက်ရမယ်မသိတာပါ၊ မှတ်မှတ်ရရ tunnel ၃၁ ပါ။ သူလေးလဲ အပြေးသွားလိုက်တာ လေကြောင်းလိုင်းတစ်ခုက လက်ဆောင်ပေးထားတဲ့ သစ်ခွပန်းတွေဘာတွေ ပြုတ်ကျကျန်ရစ်ပါတယ်။ လွမ်းစရာတော့ မကျန်ရစ်ပါဘူး။
စိတ်ထဲ တော့ အမှတ်တရ ပေါ့။
ဒီလိုနဲ့ ညနေ အယ်လအစ္စရေးလေယာဉ်ပေါ် ရောက်တော့၊ အားပါး လေယာဉ်က အကြီးကြီးပဲကို အမျိုးအစားတော့ မမှတ်မိပါဘူး။ ပျံသန်းချိန် ၁၁ နာရီကြာမယ်၊ မောင်းသူတွေက ဘယ်သူပါ။ ဘုံဘေ ကွင်းမှာခနဆင်းပါမယ်။ အာဖရိကတိုက်ပေါ်က ပျံပါမယ် ပြင်ပလေထု အပူချိန်က ဘယ်လောက်ပါ ဘာညာလောက်တော့ နားလည်လိုက်ပါတယ်။ ကျန်တာတွေတော့ နားမလည် လိုက်ပါဘူး။
လေယာဉ်ပျံပြီး မကြာပါဘူး လေယာဉ်မယ်လေးတွေက လိုအပ်တာ ပျားပန်းခတ်မျှ ဆောင်ရွက်ပေးနေကြပါတယ်။ လေကြောင်းစည်းကမ်းအရ ၄ နာရီပြည့်တိုင်းအစာ တစ်ခါပေးမယ်ဘာညာ ဆိုတာတွေလဲ ဗီဒီယို ဆလိုက်နဲ့ ပြပါတယ်။
ရုပ်ရှင်လဲ ဘာကားတွေပါပါတယ် ဆိုပြီး ဖွင့်ထားပေးပါတယ်။ ချမ်းတတ်ရင် စောင်လဲ တောင်းလို့ ရပါတယ်(တစ်ချို့ သူငယ်ချင်းတွေ အဲဒီစောင်ကလေးတွေယူလာကြပါတယ်၊ အလကားပေးတယ် ထင်လို့လားမသိ)
ထိုင်ခုံမှာကတော့ နားကြပ်က ရုပ်ရှင်က အသံနားထောင်ချင်လဲ ရ၊ အခြားသီးချင်းနားထောင်လို့လဲ ရပါတယ်။ လိုင်း ၁၀ လိုင်း ရွေးနိုင်ပါတယ်၊ ကျနောကတော့ do you really want to hurt me သီချင်းပဲ နားထောင်ခဲ့တယ် ဆိုတာမှတ်မိပါတယ်။
လေယာဉ်မှာ စားသောက်ချိန်ရောက်တော့ ဘာပြောကောင်းမလဲ ခံတွင်းမြိန်ဆေး( appetite) ဆိုပြီး အရက် တောင်းတာပေါ့။ များများရအောင်လို့ မိန်းကလေးတွေပါ တောင်းခိုင်းတယ်လေ။ ပြီးတော့ ဘုန်းပြည့်စုံနဲ့ ၁၉၉၄ ဘီအေဂျီအာအက်စီ တစ်ယောက် အပြိုင်သောက်ကြတာလေ။ အရက်ရှိန်လေးနဲ့ ဆိုတော့ မိုက်ခရိုဝေ့နဲ့ ချက်ထားတဲ့ အသားစိမ်းလို အပြားတွေလဲ စားကောင်းတာပေါ့၊ တစ်ချို့က ဟင် အစိမ်းတွေဆိုပြီး မကြိုက်လေ၊ ကျနော်တို့က ကောင်းပါတယ်ဆိုပြီး ယူစားပစ်လိုက်တယ်။
သူများတွေက လေယာဉ်မူးတာ အော့တာ အန်တာ၊ အစားပျက်တာဖြစ်တယ်။ ကျနော်ကတော့ ဘာမှမဖြစ်တဲ့ အပြင် ပိုတောင်စားကောင်းနေသေးတယ်။(congnac) ကော့ညက်လေး အာနိသင်ဖြစ်မှာပေါ့။ ဘာလို့ ကော့ညက်တွေချည်းမှာတာလဲ ဆိုတော့ အရက်ထဲ မှာ ကော့ညက်က ဈေး အကြီးဆုံးလို့ ကြားဘူးလို့။ အရက်မှာတဲ့ ထိုင်ခုံတွေဆီကို ဝိုင်အနီ လာပေးတယ်။ အဲဒါလဲ စိုက်ပျိုးရေးက တောအရက်သောက်လာတဲ့ ကြွက်တွင်းတွေနဲ့ ဆိုတော့ ပိုလို့ ပြန်ပေးရတဲ့ ခွက်ဆိုတာ မတွေ့မိပါဘူး။
သူငယ်ချင်း မိန်းကလေး တစ်ယောက်ကတော့ ကော်ဖီ ဆိုပြီးမှာသောက်တာ။ မုန့်နဲ့ စားဖို့ ပါလာတဲ့ ငရုတ်ကောင်းမှုန့်တွေပါ ဖျော်ပစ်လိုက်တယ်။ ပြီးတော့ ကော်ဖီက ဘာမှန်းလဲ မသိဘူး၊ မကောင်းဘူးတဲ့။ အမှန်ကတော့ စာမဖတ်ကြည့်ဘဲ ထည့်လိုက်မိတာပေါ့လေ။
ဘုန်းပြည့်စုံတို့ကတော့ သောက်စားပြီးတော့ လေယာဉ်အမြီးပိုင်းသွားပြီး အဲဒီအချိန်က မြန်မာပြည်မှာ အသုံးများတဲ့ အိတ်စပို့ ဒူးယား ကို ဖွာပြီး ဇိမ်ယူတာပေါ့။
ဇိမ်ယူလို့မှ သိပ်မကြာလိုက်ဘူး၊ အသံလေးတွေစကြားရပါတယ်။ ဘာလဲ ဆိုတော့ အိမ်သာက ရေခလုတ် ဘယ်နားမှန်းမသိလို့ နောက်တက်မဲ့သူကို လူကြုံ မှာနေတာပါ။
အရက်ရှိန်၊ ဘီယာအရှိန်နဲ့ ဆိုတော့ အိမ်သာလဲ လက်မလည်ပါဘူး။
ဘုန်းပြည့်စုံကတော့ အရက်ရှိန်လေးနဲ့ ဆိုတော့ ရုပ်ရှင်တောင် ဘာကားပြမှန်း မသိလိုက်ဘူး။ အိပ်နေလို့ မဟုတ်ဘူး စကားပေါနေလို့လေ။
အဲမေ့နေလို့ ဘုံဘေမြို့မှာ တစ်နာရီကြာရပ်နားပါတယ်၊ ဒါပေမဲ့ အောက်ဆင်းခွင့် မရပါဘူး။ ဘုံဘေ ကနေ လေယာဉ်တက်ပြီးမကြာခင်မှာ ဒန်ပေါက်ထမင်း ကျွေးပါတယ်။
တကယ်ကျ လေယာဉ်က တည့်တည့် မျဉ်းဖြောင့်အတိုင်း ပျံရင် ခရီးတိုမှာပါ၊ ဒါပေမဲ တစ်ချို့ နိုင်ငံတွေက အစ္စရေးနဲ့ အဆင်မပြေတော့ အီသီယိုးပီးယားဘက်ကို ပျံပြီးမှ အစ္စရေးနိုင်ငံဘက်ကို ဦးတည်ပျံသန်းပါတယ်၊ ဒေါင့်မှန်တြိဂံ ပုံ ပျံတယ် လို့ ဆိုရမှာပါ။ အားလုံး ဆက်တိုက်ပျံသန်းချိန် ၁၁ နာရီကြာပါတယ်။ နောက်မှ ထပ်ပြီး အစ္စရေးအတွေ့ အကြုံ ထပ်ရေးပါဦးမယ်။ အိပ်ချင်နေပြီလေ။ ဘလော့ပိုင်ရှင်ဆရာလဲ အိပ်သွားပြီ သူမရှိတုန်း မြန်မြန်တင်ထားမှ။ တော်ကြာ ခင်ဗျားတို့ ကော်ဖီထဲ ငရုတ်ကောင်းမှုန့်ထဲ့သောက်တာ ထည့်ရကောင်းလားဆိုပြီး ဆင်ဆာ မိသွားမှာလဲ ကျောက်ရသေးတယ်။