Showing posts with label Korean food. Show all posts
Showing posts with label Korean food. Show all posts

Saturday, August 15, 2009

Making Korean Kimbab ကိုရီယားရေညှိထမင်းလိပ်ပြုလုပ်နည်း

ကျွန်တော်သိပ်ကြိုက်တဲ့ ကိုရီယားကင်ဘာဘ်ပြုလုပ်နည်းလေး (Making Korean Kimbab) ဆရာမ ဒေါက်တာတင်တင်အေး၏ second home town ဘလော့မှ ကူယူဖေါ်ပြပါသည်။
လိုအပ်သော ပစ္စည်းများ
၁၊ ထမင်း (ဆန် ၂ ခွက်)
၂၊ ရေညှိရွက် (ကင်မ်)
၃၊ ထောပတ်သီး (သခွါးသီး (သို့) မုန်လာဥနီ ထည့်လျှင်လည်း အဆင်ပြေပါသည် )
၎၊ မုံလာဥချဉ်ပတ် ( မြန်မာပြည်မှ ချဉ်ပါတ်နှင့် မတူပါ )
၅၊ ဂဏန်းအသားတု၊ ငါးသေတ္တာ၊ ဝက်သားပြား၊ ဝက်အူချောင်း စသည်တို့ကို သုံးနိုင်ပါသည်။
၆၊ ပဲငံပြာရည်၊ ကြက်သွန်ဖြူ၊ နှမ်းဆီ ၊ နှမ်း ၊ ကြက်သွန်မိတ်
၇၊ ထမင်းလိပ်လိပ်ရန်အတွက် ဝါးဖြာ ( ဝါးယင်းလိပ်အသေး )

ပြုလုပ်ပုံ

၁။ထမင်း နှင့် နယ်မည့်ဆော့စ် ကို အရင်ပြင်ပါ။ ဆော့စ်ကို သကြား တဇွန်း ၊ ရှာလကာရည် ၂ ဇွန်း ၊ ဆားလဘက်ရည်ဇွန်း၂ ဇွန်း တို့ ဖြင့် ပြုလုပ်ပါသည်။

၂။ပြီးလျင် ဆော့စ်ကို ချက်ထားသောထမင်း နှင့် ရောနယ်ပါ။

၃။ငါးသေတ္တာတွင် ပါသောအရည်များကို ကုန်စင်သည်အထိ သွန်ပစ်ပြီး အရည်များခန်းခြောက်သွားသည်အထိ ၂ မိနစ်ခန့် အပူပေးပါ။ ပြီးလျင် ဓါးပြားရိုက်ထားသော ကြက်သွန်ဖြူတဥနှင့် ရောမွှေပေးပါ။ ထို့နောက် ပဲငံပြာရည် ၂ဇွန်း ၊သကြား ၁ ဇွန်း ၊ နှမ်းဆီ ၁ ဇွန်းခန့်၊ ငရုပ်ကောင်းမှုံ့ အနည်းငယ် ထည့်ပြီး မွှေပေးပါ။ ပြီးလျှင် လှီးထားပြီးသား ကြက်သွန်မိတ်ထည့်ပြီး နှုံ့အောင်မွှေပေးပါ။ ထို့နောက် နှမ်း ၁ ဇွန်းခန့်ထည့်မွှေပြီး ပုဂံထဲတွင်ခဏထည့်ထားပါ။

၎။ဝါးဖြာပေါ်မှာရေညှိဖတ်ကိုတင်ပါ။နောက်ဆော့စ်နှင့်နယ်ထားသောထမင်းကိုပုံတွင်
ပြထားသည့်အတိုင်း အနားများချန်ပြီးဖြန့်တင်လိုက်ပါ။


၅။ ပုံတွင်ပြထားသလို စောစောကချက်ထားသောငါးသေတ္တာကိုထမင်းပေါ်တွင် ထပ်မံဖြန့်လိုက်ပါ။ ထမင်းနှင့်အပြည့်တင်စရာမလိုပါ။ ပုံတွင်ပြထားသလောက်သာ ဖြစ်ပါသည်။

၆။ ထမင်းလိပ်တွင်ထည့်မည့် အစာများကို ထည့်သည်။ (ပုံတွင် မုံလာဥ ၊ ဂဏန်းသားအတု၊ ထောပါတ်သီးတို့ကိုထည့်သည်) သခွါးသီး၊ မုံလာဥနီ ၊ ကြက်ဥကြော်၊ဝက်အူချောင်း စသည်ဖြင့် မိမိတို့ နှစ်သက်ရာ အသီးအနှံ အသားတို့ကိုလည်း အချောင်းကလေးများလှီး၍ ထည့်နိုင်ပါသည်။


၇။ ပုံတွင် မြင်ရသည့်အတိုင်း ထမင်းလိပ်ကို ပြုလုပ်ပါ။


၈။ ပုံတွင်ပြထားသလို ဓါးနှင့်လှီးပြီးရင်တော့ အရသာရှိသော ရေညှိထမင်းလိပ် ကို အသင့်စားသုံးနိုင်ပါပြီ။